ကျောင်းဝင်ခွင့်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၀င်ခွင့် လျှောက်ထားသူများ လိုက်နာရမည့် မူဝါဒများ

လျှောက်ထားသူသည် 
(က) အခြေခံ ပညာအလယ်တန်းအဆင့် (Grade 9) အောင်မြင်သူဖြစ်ရမည်။
(ခ) နည်းပညာနှင့် သက်မွေး ပညာ လုပ်ငန်း သဘာဝအရ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ပြီး လက်တွေ့ လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီ များသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။


၀င်ခွင့် လျှောက်ထားရန် လိုအပ်ချက်များ

  1. မိဘနှစ်ပါးနှင့် ကျောင်းသား၏ မှတ်ပုံတင်မိတ္တူ။
  2. ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ထောက်ခံစာမူရင်း။
  3. သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade 9)အောင်မြင့်ကြောင်းထောက်ခံစာ။
  4. လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ) (တိုက်ဆိုင်စစ် ဆေးရန် မူရင်းယူဆောင်လာရမည်)။
  5. ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရာဒေသ သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်း။
  6. ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။